Tuesday, 28 August 2012

ဒုသမ္မတ ဦးဥာဏ်ထွန်း ကိုယ်ရေးအကျဉ်း

ဖခင် ဒုတိယတောအုပ် (သစ်တော) ဦးစိန်မောင်နှင့် မိခင်မူလတန်းပြဆရာမ ဒေါ်သိန်းတင်တို့က
၁၉၅၄ ခုနှစ်၊ ဇန်န၀ါ ရီ (၁၂) ရက်တွင် ပဲခူးတိုင်း၊ သာယာဝတီ ခရိုင်၊ ဇီးကုန်းမြို့၊ ဂုံးလမ်း
(သံပုရာကုန် လမ်း)၌ မွေးဖွားသည်။ ဂုံးလမ်းအစိုးရ မူလတန်းကျောင်းနှင့် ဇီးကုန်းမြို့ အစိုးရ

အထက်တန်းကျောင်းတို့တွင် ပညာသင် ယူပြီး ၁၉၇၀ ပြည့်နှစ်တွင် အခြေခံပညာ
အထက်တန်းစာမေးပွဲအောင်မြင်ခဲ့ပါသည်။

၁၉၇၁ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ စစ် တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ် စဉ် (၁၆)သို့
တက်ရောက်ခဲ့ပြီး သိပ္ပံဘွဲ့ရ ရှိခဲ့ပါသည်။၁၉၈၃ ခုနှစ်တွင် အထက်တန်းရှေ့ နေ Higher
Grade Pleader (H.G.P) စာမေးပွဲကိုလည်းကောင်း၊ ၁၉၈၄ ခုနှစ် တွင် မှတ်ပုံတင်ရှေ့နေ
Register Lawyer (R.L) စာမေးပွဲကိုလည်းကောင်း၊ဖြေ ဆိုအောင်မြင်ခဲ့ပါသည်။

၁၉၈၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုတက္ကဆပ်ပြည် နယ် Lackland Ariforce
Base & Sd Defence Language Institute တွင် English Language Course
ကိုလည်းကောင်း Rhode Isiand ပြည်နယ် Newport မြို့ရှိ Naval Education and
Training Center (NETC) တွင် International Officer Candidate Couse ကို
လည်းကောင်း တက်ရောက်အောင်မြင်ခဲ့ပါသည်။
၂၀၀၃ ခုနှစ်တွင် နိုင်ငံတော်ကာ ကွယ်ရေးတက်္ကသိုလ်သို့ တက်ရောက်ခဲ့ ပြီးမဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေးပညာ)
M.A (Defence Studies) ရရှိခဲ့ပါသည်။ ၁၉၇၄ ခုနှစ်တွင် တပ်မတော် (ရေ) ပြန်တမ်းဝင်အရာရှိ
ဒုတိယဗိုလ်အဖြစ်ခန့် အပ်ခြင်းခံခဲ့ရပါသည်။ ၁၉၇၅ ခုနှစ်မှ ၂၀၀၄ ခုနှစ်ထိ တပ်မတော် (ရေ) စစ်ရေ
ယာဉ်စုများရှိ စစ်ရေယာဉ်အမျိုးအစား အမျိုးမျိုးတွင် ဒုတိယစစ်ရေယာဉ်မှူး စစ်ရေယာဉ်မှူးအဖြစ်
လည်းကောင်း၊ ရေတပ်လေ့ကျင့်ရေးကျောင်းသင်တန်း ဌာနများတွင် သင်တန်းနည်းပြအရာရှိ
အဖြစ်လည်းကောင်း၊ ကုန်းမြေအခြေစိုက် တပ် ရေတပ်ရှေ့တန်းစခန်းရေတပ်အခြေ စိုက်စခန်းနှင့်
ရေတပ်စခန်းဌာနချုပ်များ တွင် တပ်မှူး၊ စခန်းမှူး၊ စစ်ဦးစီးအရာရှိ၊ ဒုတိယဌာနချုပ်မှူး၊ ခေတ္တဌာနချုပ်မှူး
အဖြစ်လည်းကောင်းတာဝန်ထမ်းဆောင် ခဲ့ပါသည်။

၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရး ဦးစီးချုပ်ရုံး (ရေ) တွင်
စစ်ဦးစီးအရာရှိ ချုပ် (ရေ) တာဝန်များကိုထမ်းဆောင်ခဲ့ ပါသည်။
ကာကွယ်ရေးဦးစီးချုပ် (ရေ)အဖြစ် ၂၀၀၈ ခုနှစ်၊ ဇွန်လတွင် စတင်တာဝန် ထမ်းဆောင်ခဲ့ပါသည်။
ဇနီးဖြစ်သူ ဒေါ်ခင်အေးမြင့်သည် B.A (Philosophy) ဘွဲ့ရရှိခဲ့ပြီး တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့တွင်
ဗိုလ်မှူးအဆင့် အထိ တာဝန်ထမ်းဆောင်ခဲ့ကာအငြိမ်း စားယူခဲ့ပါသည်။ သားနှစ်ယောက်နှင့်
သမီးတစ်ယောက်ထွန်းကားခဲ့ပါသည်။ သားကြီးဖြစ်သူ ဒေါက်တာဖေသက်ဇော် (M.B.B.S) နှင့်
သမီးဖြစ်သူဒေါက်တာ သွယ်နီဉဏ်ထွန်း (M.B.B.S) တို့သည် ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသန
ဦးစီးဌာနတွင် သုတေသနအရာရှိများအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး သားငယ်
မောင်လင်းထက်ဉာဏ်ထွန်းသည်အမျိုးသား စီမံခန့်ခွဲမှုပညာကောလိပ်
(National Management College) မှ B.B.M ဘွဲ့ရ ရှိခဲ့ပါသည်။
 
                                        

Monday, 20 August 2012

ဇီးကုန်းမြို့ အာယုပါလ အခမဲ့ဆေးခန်းအတွက် အလှူရှင်များ ဖိတ်ခေါ်ခြင်း








         အာယုပါလ     ကုသိုလ်ဖြစ်အခမဲ့ဆေးခန်း ဖြစ်ပေါ်လာရခြင်း အကြောင်းအရာနှင့် ရည်ရွယ်ချက်
                                          


                                       ၂၀၁၀ ခုနှစ်မှ စတင်ကာ ပဲခူးတိုင်းဒေသကြီးဇီးကုန်းမြို့နယ် ရပ်ကွက်အသီးသီးမှ လူငယ်(၅၀)ကျော်ဖြင့် ဓမ္မသုခပုညကာရီ သာသနာပြုလူငယ်များအမည်ဖြင့်နှစ်စဉ်တရားပွဲများ၊ဗုဒ္ဓဘာသာ ယဉ်ကျေးမှု့ သင်တန်းများ၊ပရိယတ္တိစာပေပြန်ပွါးရေး ၃၈ ဖြာ မင်္ဂလာသင်တန်း၊အဘိ ဓမ္မာသင်တန်းများကို ဆောင် ရွက်ခဲ့ရာမှ ယနေ့ခတ်၏ ပညာရေးဝန်ဆောင်မှု့ စရိတ်များ ကြီးမားလာခြင်းကြောင့် ကျူရှင်မတတ်နိုင် ဘော်ဒါမထားနိုင် ကြဘဲ တက္ကသိုလ်ဝင်စာမေးပွဲမှာ ၁နှစ် ၂နှစ်ကျရှုံးကြတဲ့ ကျောင်းသားများ အလုပ်လက်မဲ့နှင့် လေလွင့်နေတာကို တွေ့ရှိရတဲ့အခါမှာ စေတနာရှင် ဆရာ၊ဆရာမများနှင့်တိုင် ပင်ပြီး ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုဝင်ရောက်ဖြေ ဆိုနိုင်ရန်အတွက် သမားတော်ကျောင်းတိုက်ကြီးတွင် အခမဲ့ ပညာဒါနကျောင်းကို ကျောင်းသူကျောင်းသား (၆၀)ကျော် တို့ဖြင့် ဖွင့်လှစ်နိုင်ခဲ့ပါတယ်၊ ပညာရေး ကဏ္ဍကိုဆောင် ရွက်နေရာမှ ကျန်းမာရေးကဏ္ဍကိုပါ မပြည့်စုံမှူ့တွေ တွေ့ မြင်လာရပါတယ်။ကျန်းမာရေး ကဏ္ဍအနေနဲ့တွေ့ရှိလာရ တာကတော့ တနေ့လုပ် တနေ့စား အလုပ်သမားများနှင့် သူတို့၏မိသားစုဝင်များ နေမကောင်းဖြစ်တဲ့အခါ ဆရာဝန် နှင့်ပြသဖို့ အသာထား ဆေးဆိုင်မှ (၁၀၀)တန်ဆေး တခွက် ကိုတောင် ၀ယ်မသောက်နိုင်တဲ့ဘ၀တွေရဲ့ အခက်အခဲကိုပါ တွေ့ရှိလာရပါတယ်။ဒါတွေကို တွေ့ရှိလာတဲ့အခါမှာတော့ ဇီးကုန်းမြို့ သမားတော်ကျောင်းတိုက် ပဓာနဆရာတော်နှင့် မြို့နယ် သံဃာနာယက အဖွဲ့တို့၏ ဦးဆောင်မှု့ဖြင့် ဦးဇဍိလ(သာသနာတက္ကသီလ ဓမ္မာစရိယ) ဦးအဂ္ဂသာရ(သာ သနာတက္ကသီလ ဓမ္မာစရိယ) င်္သဝေဂဆရာတော် ဦးသောမ တို့နှင့် တရားပွဲများ ကျင်းပပြီးရရှိလာတဲ့ အလှူငွေ၁၅သိန်း နှင့် ဇီးကုန်းမြို့မှ အလှူရှင်များ၏ လှူဒါန်းထားသော အလှူငွေများနှင့် ဇီးကုန်းမြို့သမားတော် ကျောင်းတိုက်အ တွင်းရှ် အာယုပါလ ကျောင်းဆောင်တွင် ၁.၂.၂၀၁၂ မှစတင် ပြီး တစ်ပတ်လျှင်(၄)ရက် ဗုဒ္ဓဟူး၊ကြာသားပတေး၊စနေ၊တန ဂ်နွေ ရက်များတွင် နေ့လည်(၁)နာရီမှ (၅)နာရီထိ ရဟန်း၊ သာမဏေ၊သီလရှင်၊လူပုဂ္ဂုလ် အပေါင်းတို့အား တနေ့လျှင် ဝေဒနာရှင်(၃၀) ကို ကုသပေးခဲ့ရာ ယနေ့ချိန်အထိ ဝေဒနာ ရှင်ပေါင်း (၂၅၀၀)ကျော်တို့ကို ဆေးကုသပေးခဲ့ပြီ ဖြစ် သည်၊ အာယုပါလ ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းရေရှည် တည်တံ့ ခိုင်မြဲစေရန် စေတနာရှင် အလှုရှင်များမှ လှုဒါန်းပေးကြပါ ရန်နိုးဆော် တိုက်တွန်းလိုက်ရပါသည်။ လှူဒါန်းလိုသူများ အနေဖြင့် အောက်ဖေါ်ပြပါ ဖုန်းနံပါတ် များသို့ ဆက်သွယ်ပြီး ဖြစ်စေ ၊ ကိုယ်တိုင်ကိုယ်ကျ ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
ဦးခင်စိုး 09423682354
Dr.ဘိုဘိုအုပ်စိုးမြင့် 0943118350
စင်ကာပူနိုင်ငံရောက် ဇီးကုန်းသူဇီးကုန်းသားများအတွက်
ခွန်စိုင်း 65 92392256

Sunday, 3 June 2012

မြသိန်းတန် စေတီတော်မြတ်.........

Friday, 24 February 2012

ကြိုဆိုပါ၏ ဇီးကုန်းမြို့

                                                             ဇီးကုန်းမြို့မှ ကြိုဆိုပါ၏

http://shwezigon.blogspot.com/ ၀က်ဆိုဒ်လေးကို ၂၅.၂.၂၀၁၂ နေ့ရက်တွင် အစမ်းလွင့်တင်ပါသည်။ဘ
လော့လေးရဲ့ ရည်ရွယ်ချက်မှာ  ဇီးကုန်းသား/သူ များအတွက် ဇီးကုန်းမြို့နဲ့ ပက်သက်တဲ့ သတင်းအချက်
များကို အချိန်နဲ့တပြေးညီ သိရှိစေရန် နှင့် ဇီးကုန်းမြို့ရှိ လူမှု့ကူညီရေး ဘာသာရေးအသင်းအဖွဲ့များရဲ့ လုပ်ဆောင်ချက်များကို အဝေးရောက် ဇီးကုန်းသား/သားများ သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ဒီဘလော့
လေးကို ဖန်တီးခဲ့ပါသည်။ဒီဘလော့လေးကို ကျွန်တော်တယောက်တည်းတော့ မည်သို့မျှ လုပ်နိုင်မည် မဟုတ်ပါ။ကျွန်တော်တို့ ဇီးကုန်းသားများ အာလုံးဝိုင်းဝန်း ကူညီမှသာ ဒီဘလော့လေး ရှင်သန်နိုင်မှာ ဖြစ်ပါ
တယ်။။။။။