Monday, 20 August 2012

ဇီးကုန်းမြို့ အာယုပါလ အခမဲ့ဆေးခန်းအတွက် အလှူရှင်များ ဖိတ်ခေါ်ခြင်း








         အာယုပါလ     ကုသိုလ်ဖြစ်အခမဲ့ဆေးခန်း ဖြစ်ပေါ်လာရခြင်း အကြောင်းအရာနှင့် ရည်ရွယ်ချက်
                                          


                                       ၂၀၁၀ ခုနှစ်မှ စတင်ကာ ပဲခူးတိုင်းဒေသကြီးဇီးကုန်းမြို့နယ် ရပ်ကွက်အသီးသီးမှ လူငယ်(၅၀)ကျော်ဖြင့် ဓမ္မသုခပုညကာရီ သာသနာပြုလူငယ်များအမည်ဖြင့်နှစ်စဉ်တရားပွဲများ၊ဗုဒ္ဓဘာသာ ယဉ်ကျေးမှု့ သင်တန်းများ၊ပရိယတ္တိစာပေပြန်ပွါးရေး ၃၈ ဖြာ မင်္ဂလာသင်တန်း၊အဘိ ဓမ္မာသင်တန်းများကို ဆောင် ရွက်ခဲ့ရာမှ ယနေ့ခတ်၏ ပညာရေးဝန်ဆောင်မှု့ စရိတ်များ ကြီးမားလာခြင်းကြောင့် ကျူရှင်မတတ်နိုင် ဘော်ဒါမထားနိုင် ကြဘဲ တက္ကသိုလ်ဝင်စာမေးပွဲမှာ ၁နှစ် ၂နှစ်ကျရှုံးကြတဲ့ ကျောင်းသားများ အလုပ်လက်မဲ့နှင့် လေလွင့်နေတာကို တွေ့ရှိရတဲ့အခါမှာ စေတနာရှင် ဆရာ၊ဆရာမများနှင့်တိုင် ပင်ပြီး ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုဝင်ရောက်ဖြေ ဆိုနိုင်ရန်အတွက် သမားတော်ကျောင်းတိုက်ကြီးတွင် အခမဲ့ ပညာဒါနကျောင်းကို ကျောင်းသူကျောင်းသား (၆၀)ကျော် တို့ဖြင့် ဖွင့်လှစ်နိုင်ခဲ့ပါတယ်၊ ပညာရေး ကဏ္ဍကိုဆောင် ရွက်နေရာမှ ကျန်းမာရေးကဏ္ဍကိုပါ မပြည့်စုံမှူ့တွေ တွေ့ မြင်လာရပါတယ်။ကျန်းမာရေး ကဏ္ဍအနေနဲ့တွေ့ရှိလာရ တာကတော့ တနေ့လုပ် တနေ့စား အလုပ်သမားများနှင့် သူတို့၏မိသားစုဝင်များ နေမကောင်းဖြစ်တဲ့အခါ ဆရာဝန် နှင့်ပြသဖို့ အသာထား ဆေးဆိုင်မှ (၁၀၀)တန်ဆေး တခွက် ကိုတောင် ၀ယ်မသောက်နိုင်တဲ့ဘ၀တွေရဲ့ အခက်အခဲကိုပါ တွေ့ရှိလာရပါတယ်။ဒါတွေကို တွေ့ရှိလာတဲ့အခါမှာတော့ ဇီးကုန်းမြို့ သမားတော်ကျောင်းတိုက် ပဓာနဆရာတော်နှင့် မြို့နယ် သံဃာနာယက အဖွဲ့တို့၏ ဦးဆောင်မှု့ဖြင့် ဦးဇဍိလ(သာသနာတက္ကသီလ ဓမ္မာစရိယ) ဦးအဂ္ဂသာရ(သာ သနာတက္ကသီလ ဓမ္မာစရိယ) င်္သဝေဂဆရာတော် ဦးသောမ တို့နှင့် တရားပွဲများ ကျင်းပပြီးရရှိလာတဲ့ အလှူငွေ၁၅သိန်း နှင့် ဇီးကုန်းမြို့မှ အလှူရှင်များ၏ လှူဒါန်းထားသော အလှူငွေများနှင့် ဇီးကုန်းမြို့သမားတော် ကျောင်းတိုက်အ တွင်းရှ် အာယုပါလ ကျောင်းဆောင်တွင် ၁.၂.၂၀၁၂ မှစတင် ပြီး တစ်ပတ်လျှင်(၄)ရက် ဗုဒ္ဓဟူး၊ကြာသားပတေး၊စနေ၊တန ဂ်နွေ ရက်များတွင် နေ့လည်(၁)နာရီမှ (၅)နာရီထိ ရဟန်း၊ သာမဏေ၊သီလရှင်၊လူပုဂ္ဂုလ် အပေါင်းတို့အား တနေ့လျှင် ဝေဒနာရှင်(၃၀) ကို ကုသပေးခဲ့ရာ ယနေ့ချိန်အထိ ဝေဒနာ ရှင်ပေါင်း (၂၅၀၀)ကျော်တို့ကို ဆေးကုသပေးခဲ့ပြီ ဖြစ် သည်၊ အာယုပါလ ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းရေရှည် တည်တံ့ ခိုင်မြဲစေရန် စေတနာရှင် အလှုရှင်များမှ လှုဒါန်းပေးကြပါ ရန်နိုးဆော် တိုက်တွန်းလိုက်ရပါသည်။ လှူဒါန်းလိုသူများ အနေဖြင့် အောက်ဖေါ်ပြပါ ဖုန်းနံပါတ် များသို့ ဆက်သွယ်ပြီး ဖြစ်စေ ၊ ကိုယ်တိုင်ကိုယ်ကျ ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
ဦးခင်စိုး 09423682354
Dr.ဘိုဘိုအုပ်စိုးမြင့် 0943118350
စင်ကာပူနိုင်ငံရောက် ဇီးကုန်းသူဇီးကုန်းသားများအတွက်
ခွန်စိုင်း 65 92392256

No comments:

Post a Comment